Wêl¢ömê †ö my þågê

Thursday, September 6, 2007

ပုံပြင်လေး

ပုံပြင်လေး တစ်ပုဒ်ပြောပြချင်ပါတယ်ဗျို့......မကောင်းရင်တော့ အပြစ်မပြောကြပါနဲ့...

တစ်ခါတုန်းကပေါ့......မြို့လေး တစ်မြို့မှာ တေလေ ကျက်စား နေတဲ့ ခွေး လေးတစ်ကောင်ရှိသတဲ့...အဲဒီခွေးလေးဟာ သူ့ရဲ့ အပေါင်းအပါ ခွေးတေလေဂျပိုးတွေနဲ့ ခွေးတို့ဘာသာဘာဝ ပျော်ရွှင်မြူးတူး နေတာပေါ့...စားစရာမရှိရင် ဟိုအိမ် လိုက်နှိုက် ဒီအိမ် လိုက်နှိုက်နဲ့ သူ့ဘ၀ကို သူ ကျေနပ်နေရှာတာပေါ့....
ကံဆိုးမိုးမှောင်ကျချင်တဲ့ တစ်နေ့မှာပေါ့....အဲဒီခွေးလေးဟာ ဆာလောင်နေလို့ အစာရှာနေရင်း လမ်းမ ကျယ်ကြီး တစ်ဖက်မှာ အမှိုက်ပုံ ကြီးတစ်ခု ကိုတွေ့သွားသတဲ့...ခွေးကန်း ချီးတွင်းထဲ ကျသလိုမျိုး ပျော်သွားရှာတာပေါ့..အပျော်လွန်ပြီး မျဉ်းကျား ကနေ မကူးဘဲ ဒီအတိုင်းလမ်းဖြတ်ကူးလိုက်တာ အရှိန်ပြင်းပြင်းနဲ့လာတဲ့ ကားကြီးကို သတိမမူမိလိုက်ဘူးလေ....အစာ ဇောကပ်နေတာကိုး...အဲဒါနဲ့ ကားကြီးက သူ့ကို ဖြတ်တိုက်မိလိုက်ပါပကော....ခွေးကလေးလဲ လွင့်ထွက်သွားတာပေါ့....ဝေဒနာလည်း အတော် ပြင်းထန်သွားရှာတယ်...သူ့ကိုတိုက်ခဲ့တဲ့ ကားကတော့ သူ့ကို လုံးဝဂရုမစိုက်ဘဲ မောင်းမြဲ မောင်းသွားတယ်လေ...ခွေးလေးလဲ ကားတွေကို တော်တော်လေးစိတ်နာသွားတာပေါ့....အဲလိုသေအံ့မူးမူး အချိန်လေးမှာ အဲဒီဒေါသစိတ်က သူ့ကိုလွှမ်းမိုးသွားရှာတယ်..အဲဒါနဲ့ သူကလည်း ဘုရားသခင်ကို အာရုံပြုပီး...." အရှင်ဘုရား ဖြစ်လေရာ ဘ၀တိုင်းမှာ ကားကိုနိုင်တဲ့သူ ဖြစ်ရပါလို၏" လို့ ဆုတောင်း ပီး အသက်ထွက်သွားခဲ့တယ်....ဘုရားသခင်ကလည်း ခွေးကလေးအဖြစ်ကိုသနားပီး ဆုတောင်းပြည့်အောင် လုပ်ပေးလိုက်သတဲ့...နောင်ဘ၀ ရောက်တော့ ခွေးကလေးဟာ သူဆုတောင်းတဲ့အတိုင်းပဲ ကားတွေကို နိုင်တဲ့ မော်တော်ပီကယ် ဘဲဥ ဖြစ်ခဲ့လေသတဲ့ကွယ်......အဲဒီခွေးကလေးကနေစတင်ပီး မော်တော်ပီကယ်တွေ ပေါက်ဖွားများပြားလာခဲ့သတဲ့....

ပုံပြင်လေးကတော့ ဒါပါပဲကွယ်....
ပျော်ရွင်ပါစေ..
ဘိုးဘိုးအာဝါး